- Thriller •
- Sic-Fi •
- Drama
Children of Men
ဒီကားက ဇာတ်လမ်းဇာတ်ကွက်ဆန်းပြားသလို IMDbနဲ့RTကလည်း အမြင့်ဆုံးအနေအထားလောက်မှာရှိတယ်…လူသားတို့တွင် ကလေးမရနိုင်တော့သည်မှာ ၁၈ နှစ်ပင် ရှိပြီဖြစ်သည်။ ကမ္ဘာကြီးသည်လည်း ပြဿနာပေါင်းများစွာနှင့် ဖြစ်နေပြီးအင်္ဂလန်သို့ ရွှေ့ပြောင်းဝင်ရောက်လာသော ဒုက္ခသည်မှာလည်း အင်မတန်များနေသည်။ အင်္ဂလန်ကလည်း ဒုက္ခသည်များကို လက်မခံနိုင်၊ ရှိပြီးသား ဒုက္ခသည်များကိုလည်း ဖိနိပ်လေသည်။ ဖိနိပ်မှုကို မခံနိုင်သူများကလည်း တော်လှန်ရေးကြိုးစားနေကြသည်။ ထိုအချိန်တွင် ဒုက္ခသည် ကောင်မလေးတွင် ကိုယ်ဝန်ရှိလာသည်။ နေ့စေ့လစေ့။ ထိုကိုယ်ဝန်ကို နိုင်ငံရေးအရအသုံးချချင်သူများလည်း ရှိလာသည်။ ထိုသူများလက်မှ လွတ်ပြီးလုံခြုံရာသို့ ကိုယ်ဝန်သည်မလေး မည်သို့မည်ပုံ သွားမည်ဆိုသည်ကို စိတ်လှုပ်ရှားဖွယ် ခံစားလှည့်ပါဟု ရုပ်ရှင်ကြည့်ပရိသတ်ကို ဖိတ်ခေါ်အပ်ပါသည်။ဒီကားထဲက အဓိက သရုပ်ဆောင်မင်းသားကြီး Clive Owen ကိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်